KYC Verification

KYC Verification

KYC ဆိုတာ ဘာလဲ — ဘယ်လို Verify လုပ်မလဲ

KYC (Know Your Customer) ဆိုတာ Exchange က ကိုယ်ကိုယ်တိုင် ဖြစ်ကြောင်း စစ်ဆေးတဲ့ Process ဖြစ်ပါတယ်။ ID Card / Passport / NRC တင်ပြီး ကိုယ်တိုင် ဖြစ်ကြောင်း အတည်ပြုရတယ်။

ဘာကြောင့် KYC လိုအပ်လဲ?

  • LawAnti-Money Laundering (AML) ဥပဒေ — Exchange တွေ မဖြစ်မနေ လိုက်နာရတယ်
  • SecurityFake Account / Scam Account တွေ တားဆီး နိုင်ဖို့
  • LimitKYC မလုပ်ရင် — Deposit/Withdraw Limit အလွန်နည်း (သို့) P2P သုံးမရ
Levelလိုအပ်ချက်Limit
KYC မလုပ်-Deposit ရ / Withdraw ကန့်သတ် / P2P မရ
Basic (Level 1)ID + SelfieWithdraw 2 BTC/day
Advanced (Level 2)ID + Address ProofWithdraw 100 BTC/day + P2P Full

ကြိုတင် ပြင်ဆင်ရန်

  • ID DocumentNRC (မှတ်ပုံတင်) သို့မဟုတ် Passport — ရှင်းလင်း ပြတ်သားစွာ ဓာတ်ပုံ ရိုက်နိုင်ရမယ်
  • CameraSelfie ရိုက်ဖို့ — Front Camera ကောင်း ကောင်း ရှိရမယ်
  • Lightအလင်းရောင် ကောင်း တဲ့ နေရာမှာ ရိုက်ပါ — Blur ဖြစ်ရင် Reject ခံရမယ်

📝 KYC Verification အဆင့်များ

အဆင့်လုပ်ဆောင်ရန်သတိထားရန်
Step 1Profile → Verification / KYC သွားပါApp: More → Verification
Step 2Country ရွေးပါ → Myanmarနိုင်ငံ မှန်အောင် ရွေးပါ
Step 3Document Type ရွေးပါNRC / Passport / Driving License
Step 4ID ရှေ့/နောက် ဓာတ်ပုံ ရိုက်ပါရှင်းလင်း ပြတ်သား ရမယ် — Flash မဖွင့်ပါနဲ့
Step 5Selfie ရိုက်ပါ (Face Verification)မျက်မှန် ဖြုတ်ပါ — ဦးထုပ် မဆောင်းပါနဲ့
Step 6Review ပြီး SubmitReview Time: မိနစ်ပိုင်း — ၂၄ နာရီ

KYC Reject ဖြစ်ရင်

  • Blur Photoဓာတ်ပုံ ဝါး နေတယ် — အလင်းရောင်ကောင်းတဲ့ နေရာမှာ ပြန်ရိုက် ပါ
  • Info Mismatchရိုက်ထည့်တဲ့ အမည် နဲ့ ID ပေါ်က အမည် မတူ — အတိအကျ ရိုက်ပါ
  • Expired IDID သက်တမ်းကုန် နေတယ် — သက်တမ်းရှိတဲ့ ID သုံးပါ
  • Face Not ClearSelfie မှာ မျက်နှာ မရှင်း — မျက်မှန်ဖြုတ်၊ ဦးထုပ်ချွတ်၊ အလင်းရောင် ကောင်းကောင်းနဲ့ ရိုက်ပါ
⚠️ အရေးကြီး KYC မှာ ထည့်တဲ့ အမည် က P2P Trading ဘဏ်အကောင့် အမည် နဲ့ တူညီ ရမယ်။ KYC Name ≠ Bank Name ဖြစ်ရင် P2P Trade လုပ်တဲ့ အခါ Account Freeze ဖြစ်နိုင်ပါတယ်။ NRC ပေါ်က အမည် အတိအကျ ရိုက်ထည့်ပါ။
မေးခွန်းအဖြေ
KYC ဘယ်လောက် ကြာလဲ?Auto-verify — မိနစ်ပိုင်း / Manual — ၂၄ နာရီ
NRC သုံးလို့ရလား?ရပါတယ် — Myanmar NRC ကို Support လုပ်ပါတယ်
KYC Data လုံခြုံလား?Binance က Encrypted Storage သုံးတယ် — ပြင်ပ မမျှဝေ
KYC Reject ဘယ်နှစ်ခါ ပြန်လုပ်လို့ရလဲ?ကန့်သတ်မရှိ — ဒါပေမယ့် မှန်ကန်စွာ တင်ပါ
တခြား Exchange KYC တူလား?Process တူတယ် — ID + Selfie — Exchange တိုင်း လုပ်ရတယ်
🎯 KYC ပြီးရင် ဘာဆက်လုပ်မလဲ? P2P Trading — MMK နဲ့ Crypto ဝယ်ပါ
Spot Trading — Crypto Pair တွေ ဝယ်/ရောင်းပါ
Futures Trading — Leverage နဲ့ Trade လုပ်ပါ (⚠️ Risk များ)

KYC ပြီးမှ Full Feature တွေ သုံးနိုင်ပါတယ်။